ကြွရောက်လာသော ဧည့်သည်တော်များ ချမ်းသာကိုယ်စိတ်မြဲပါစေ

ခံစားချက်
Saturday, April 18, 2009 10:29 PM

သူ့ကို ဆက်မချစ်နဲ့တော့ တခြားသူပြောင်းချစ်လိုက်တော့လို့ ခင်ဗျား အပြောခံရဘူးလား……ကျွန်တော့် ကိုတော့ အပေါင်းအသင်းတွေက ၀ိုင်းပြောနေကြပါပြီ။


ဒီကိစ္စဟာ လွယ်လွယ်ကူကူနဲ့ပဲ ပြောင်းချစ်လို့ရသလား G-talk ထဲက စာသားတစ်ခု တော်တော်မိုက်တယ်ဗျာ…..


“နောက်တစ်ယောက်ထပ်ရှိလာနို င်ပေမယ့် …………… နောက်တစ်ခေါက်ထပ် ချစ်ဖို့က မဖြစ်နိုင်တော့ပါဘူး……..”


အကယ်၍ ခင်ဗျားလည်း လူတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်ခဲ့ပြီးမှ တခြားသူပြောင်းချစ်နိုင်တယ်ဆိုရင် ဝေးဝေးမတွေးစမ်းနဲ့ဗျာ....... ကျွန်တော့်လိုပဲ ချစ်ကြည့်စမ်းပါ…။ ခင်ဗျားမှ လုပ်လို့ရရင် ကျွန်တော်လည်းကြိုးစားကြည့် ပါ့မယ်…..။ နောက်တစ်ယောက် ပြောင်းချစ်ဖို့ ပြောတိုင်း စိတ်ညစ်ရပါတယ်။ ကျွန်တော်က ခင်ဗျားလို မဟုတ်ဘူး..။


သူ့ကိုပဲ စွဲစွဲလမ်းလမ်း ချစ်နေချင်တာပါ…။ ဒါကြောင့်ကျေးဇူးပြုပြီး နောက်တစ်ယောက် ပြောင်းမချစ်ခိုင်းကြပါနဲ့ တော့…….။


ဒါပေမယ့် တစ်နေ့မှာတော့ သူမကိုယ်တိုင်က ကျွန်တော့်ကို ပြောင်းခိုင်းခဲ့တော့…………… …….


ခင်ဗျား ဖေမြင့် ဘာသာပြန်တဲ့ ခါးကုန်းကြီး စာအုပ်ကို ကိုဖတ်ဖူးသလား…။ အဲဒီထဲမှာ ရုပ်ဆိုးလွန်းတဲ့ ကျောကုန်းမှာ ဘုကြီးနဲ့ ခါးကုန်းကြီးဟာ သူချစ်တဲ့ကောင်မလေးကို


စကားတစ်ခွန်းတည်း ပြောယုံနဲ့ အဆင်ပြေသွားပါတယ်….။ သူ့ရဲ့နဖူးစာမှာ ကောင်မလေးနဲ့ ညားမယ့် အကြောင်း ပြောပြယုံနဲ့ ကောင်မလေးက သူ့ရဲ့ဖူးစာရှင် အဖြစ်


လက်ခံလိုက်တာပါ..။ ကျွန်တော်လည်းသူ့ကို အရမ်းပဲ ပြောပြချင်တယ်ဗျာ……..။


“တစ်နေ့ကို အခါတစ်သောင်း သတိရတာကို မယုံရင် ဆယ်ခါလောက်တော့ ပြန်လျှော့ပေးပါ့မယ်။ ကိုးထောင့်ကိုးရာကိုးဆယ်ပေါ့”


သူကတော့ ကျွန်တော့်အပေါ် မရက်စက်ပါဘူး…. ကျွန်တော့် အတွက်ကတော့ သွက်သွက်ခါ ရူးတယ်…..။ ဒါနဲ့ ကျွန်တော် ကိုယ့်ကိုကိုယ်လန့်လာတယ်…။


သူ့အပေါ် စွဲလမ်းမှုတွေကို လျှော့ချင်လာတယ်… ဘယ်လို လျှော့ချရမလဲ… ခင်ဗျား အကြံပေးနိုင်မလား…………….။ ကျွန်တော် သူ့အကြောင်း မတွေးမိအောင် နေပါတယ်…။


တွေးမိတိုင်း ဘုရားတရားကို အာရုံပြုလိုက်တယ်. တစ်နေ့ကို အခါပေါင်းတစ်သောင်းလောက် ဘုရားကို အာရုံပြုဖြစ်နေတာခင်ဗျားသိ လား..။


ခင်ဗျား ကျွန်တော့်စာတွေကို ဖတ်ရတာ ဘယ်လိုနေလဲ..။ကောင်းတယ်ထင်လား…။မဆိုးပါ ဘူး… လို့ပြောမလား…။ သူငယ်ချင်းတစ်ယောက်ကတော့ ပြောပါတယ်.။ မင်းစာသားတွေ ရေလည် မိုက်တယ်ကွာတဲ့..။ သူက ကောင်မလေး တစ်ယောက်ကို ကြောင်နေတာပါ…။ စာတွေ ကဗျာတွေ ရေးပြီး ပေးဖတ်လေ့ ရှိပါတယ်…။


သူရေးတဲ့ ကဗျာတွေထဲမှာ ကျွန်တော့် အကြံ ၊ဥာဏ်၊ စိတ်ကူး တွေလည်း ပါ ပါတယ်…။ သူက ကျွန်တော့်ကို ပြောပါတယ်..။ မင်းလိုမျိုး တွေးတတ် ရေးတတ် ချင်တယ်ကွာတဲ့………။


ကျွန်တော် သူ့ကို တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်…….။ “မင်းတကယ် မ ချစ်တတ်သေးလို့ ပါကွာ”……………လို့…။


ဒီလိုဆို ကျွန်တော်ကျတော့ တကယ် ချစ်တတ်နေပြီ လားလို့ ခင်ဗျားမေးဦးမလား…………….။



တောင်ပံမရှိပေမယ့်ပျံတတ်ချင်တယ်..။


သတိရတတ်ပေမယ့်မေ့တတ်ချင်တယ်…။


စိတ်ကူးမယဉ်တတ်ပေမယ့်အမှန် ကို လက်မခံချင်ဘူး..။


တစ်ခါတလေ…နှင်းကိုကြည့်ပြီးဝမ်းနည်းတတ်ပေမယ့်


တစ်ခါတလေ…သီချင်းဆိုညည်းပြီးလွမ်းမောကြည့်ချင်တယ်….။


ဆိုင်သူ ခွင့်ပြုမယ့် ပိုင်ဆိုင်ခြင်း ဆိုတာကို

ပိုင်ဆိုင်ခွင့် မရှိတဲ့ လူတစ်ယောက် အဖြစ်

တွေးမိတိုင်း……………………………..

တောင်ပံမရှိပေမယ့်ပျံတတ်ချင်တယ်..။


သတိရတတ်ပေမယ့်မေ့တတ်ချင်တယ်…။

စိတ်ကူးမယဉ်တတ်ပေမယ့်တစ်ခါ တလေ……………





ခင်ဗျား ခပ်ချောချောကောင်မလေးတွေကို သေသေ ချာချာ စိုက်ကြည့်ဖူးသလား။ သူတို့ရဲ့အလှကို ပြောတာပါ..။ ကျွန်တော်ကတော့ ကြည့်ဖူးတယ်…ကြည့်နေဆဲ… ကြည့်ဦးမှာပဲ…


( မျက်နှာတွေပဲနော်……..)ဒါပေမယ့် အချိန်အခါအလိုက် ခံစားချက်တွေ ကွဲပြားလာပါလိမ့်မယ်…။ ဟိုး ငယ်ငယ်တုန်းကတော့ ခပ်ချောချော မမတွေကို ကြည့်မိပါများရင် ကြိုက်မိသလိုလို ရှိလာပါတယ်..။ ဒါပေမယ့် ကိုယ့်သိက္ခာကိုယ် အလေးထားတဲ့အတွက် (ဘူးလို့အပြောခံရမှာ ရှက်၊ကြောက်တာလည်းပါတယ်….) လုံးဝ ထိန်းသိမ်းပါတယ်..။


အဲဒီအတွက် တည်ကြည်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆု အဖြစ် ရလာပါတယ်…။


သူမကို ချစ်မိပြီးနောက်ပိုင်းမှာေ တာ့ (စိတ်သန့်သန့် နဲ့) ကောင်မလေးတွေကို ကြည့်လာနိုင်ပါတယ်။ ကြည့်တာမှ ခပ်ပြုံးပြုံးကြီးကိုကြည့် တာပါ။ ကျွန်တော်တွေးနေတာက ဒီခပ်ချောချော ကောင်မလေးတွေက သူမလောက် မချောနိုင်သေးဘူးလို့ ထင်နေတာပါ…။ ( တကယ်တမ်းက သူမကို ကျွန်တော် အပြင်မှာ လုံးဝမတွေ့ဖူးသေးဘူး)


အမြဲတမ်း အပေါ်စီးကနေ လှောင်ပြုံးကြီးနဲ့ အကြည့်ခံရတဲ့ ကောင်မလေးတစ်ယောက်က စိတ်မရှည်ဟန်နဲ့ ကျွန်တော့်ကိုလာမေးပါတယ်…… …။


“ရှင် ကျွန်မကို ဘာလို့ ပြုံးပြုံးပြီး ကြည့်နေရတာလဲ။” “မင်းက တော်တော်ကို ချောလို့ပါ။”


ကောင်မလေး တော်တော်ကို ကျေနပ်သွားပါတယ်။ ဒါပေမယ့် ကျွန်တော်ဆက်ပြောခဲ့တဲ့စကားတစ်ခွန်းကို အခုပြန်တွေးမိတိုင်း ပါးနှစ်ဖက်လုံး ယားလာတတ်ပါတယ်..။


( ခင်ဗျားလည်း ကျွန်တော့်လို လိုက်မလုပ်နဲ့နော်..) “ချောတာချင်းတူနိုင်ပေမယ့် မင်းက သူ့လို ချစ်ဖို့မကောင်းဘူး”


ကဲ ခင်ဗျား တွေးသာကြည့်ပါတော့..။ တစ်ခုတော့ ရှိတယ် ။သူမက ချစ်ဖို့ပဲကောင်းတာ ဗျ..။ ကျွန်တော့်မှာ ခင်ဗျားနဲ့မတူတဲ့ အကျင့်တစ်ခုရှိပါတယ်။


လွယ်လွယ်နဲ့ ရတာကို ဘယ်တော့မှ မက်မော တွယ်တာ တန်ဖိုးမထားတတ်ဘူး..။ ဘောလုံးကန်တယ်ဆိုရင်လည်း ကိုယ့်ထက်ပိုတော်တဲ့ အသင်းမျိုးကို နိုင်ရမှ ပျော်တယ်….။ ဂိမ်းကစားရင်လဲ ဒီလိုပဲ ကိုယ့်ထက် ညံ့တဲ့လူတွေနဲ့ မကစားချင်ဘူး.. အဲဒါကြောင့်လား မသိဘူး ကျွန်တော် ဂိမ်းဆိုင်တိုင်းမှာ ကျွန်တော့်ကို နိုင်တဲ့လု မရှိသေးဘူး (ကျွန်တော့်နယ်ပယ်မှာပေါ့)


အခုထိ..သူမကို ပိုးလို့ မရလေလေ တန်ဖိုးထားမြတ်နိုးလာလေလေပါပဲ…။ အခုတော့……ခက်ခဲတာမှ ဒီဘ၀ မဟုတ်ဘူး…။ သေပြီးတဲ့ အထိကို လုံးဝနီးပါး ခက်ခဲသွားပါပြီ….။


(2010 မှာ ဒီမိုကရေစီ အစစ် ကို တကယ်တရားမျှတစွာ ရဖို့၊ မဲပေးဖို့ ဆိုတာကမှ လွယ်ဦးမယ်.)


ကျွန်တော်ချစ်တဲ့သူမဟာ ကျွန်တော့်အတွက် တကယ်ကို ခက်ခဲသွားပါပြီ…။ ကျွန်တော်တွေးကြည့်တယ်..။ အကယ်၍များပေါ့နော်…. သူမရဲ့အချစ်ကို ကျွန်တော်က လွယ်လွယ် နဲ့


များ ရခဲ့မယ်ဆိုရင်…. ( ဝေးပါသေးရဲ့လို့များ သူဖတ်ရင်းနဲ့တွေးနေမလားပဲ) …. ကျွန်တော့် အကျင့်အတိုင်း …. လွယ်လွယ်နဲ့ ရတာဆိုပြီး ချောင်ထိုးထားမယ်ထင်သလား…။


တန်ဖိုးမထားတော့ဘူးလို့ ခင်ဗျားတွေးမလား……။ လုံးဝ အဲဒီအတိုင်း ဖြစ်လာမှာ မဟုတ်ပါဘူး..။ တစ်ကယ်ချစ်မိတော့လည်း ………. ( ခင်ဗျားကော………ဘယ်လိုလဲ)


ကျွန်တော် ကိုယ့်ကိုကိုယ် ခြောက်ပစ်ကင်းသဲလဲစင်လို့ တစ်ခါမှ ခင်ဗျားကို မပြောမိပါဘူးနော်..။ ကျွန်တော် တော်တော်ကိုချာတဲ့ အချက်တွေရှိပါတယ်။ ကိုယ့်အားနည်းချက်တွေကိုတော့ ဘယ်သိစေချင်မလဲ..။ ခံစား ချက်နဲ့သက်ဆိုင်တာကိုပဲ ဆက်ပြောကြတာပေါ့…။ မောင်လှမျိုး(ရင်တွင်းဖြစ်) ပြောသလိုပဲ ကျွန်တော်သရုပ်ဆောင် ကောင်းချင်ကောင်းပါလိမ့်မယ်……..။


ဒါပေမယ့် ကျွန်တော်ဟန်ဆောင်မကောင်းပါဘူး..။ မကျေနပ်ရင်လည်း မျက်နှာမှာပေါ်တယ်..။ စိတ်ညစ်နေရင်လည်း ကျွန်တော့် ပုံကိုကြည့်ယုံနဲ့ သိသာတယ်…။

မုန်းတဲ့သူ ရှေ့မှာဆိုရင်လည်း ပြုံးမနေတတ်ဘူး…။


တစ်ခါတလေ ကျွန်တော်သူ့ကို အရမ်းပဲ မြင်ဖူးချင်တယ်ဗျာ..။ သူမရဲ့အနားကို တိတ်တိတ်လေးသွားပြီး…


ပေါ်တင် ခိုးကြည့်ချင်တယ်။ သူမရဲ့ထိုင်နေပုံတွေ၊ စကားပြောဟန်တွေ ၊ အပြုံးတွေ ၊မျက်ဝန်းတွေ.... အားလုံးကို သူမ


မသိစေပဲ ကြည့်နေချင်တယ် ဗျာ။ ကျွန်တော်ပြောခဲ့သလိုပါပဲ …… ကျွန်တော် ဟန်ဆောင်မကောင်းပါဘူး…..။


သူမ သတိထားမိ သွားနိုင်ပါတယ်…။ ကျွန်တော့်ရဲ့ မျက်ဝန်းတွေကိုလေ………..။


ခင်ဗျား ကယ်နိုင်ရင် ကယ်စမ်းပါဗျာ။

ကျွန်တော် သူနဲ့ တွေ့ရင် မျက်လုံးတွေကို မှိတ်ထားရမှာလား..။
ကျွန်တော်ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပေါ့


ဝိညာဉ်တစ်ခုရဲ့နောက်ဆုံးဆန္ဒ


စိတ်ကူးနဲ့ရူး ၊ အိမ်မက်နဲ့ပျော်
အတွေးနဲ့ရင်ခုန်၊ မြင်ယုံနဲ့ကျေနပ်
နေတတ်ခဲ့တဲ့ငါ့ဘဝကြီးမှာ
မျှော်လင့်ချက်ဆိုတာကတော့
ငါ့ဘဝရဲ့မနက်ဖြန်တွေပါမိန်းခလေး
တစ်ကယ်လို့များဒီဘဝမှာမင်း နဲ့မဆုံဖြစ်ခဲ့ရင်တောင်
ငါ့မှာနောင်ဘဝဆိုတာရှိခဲ့ရင်
မင်းရဲ့ပခုံးကိုဖက်ပြီးပင် လယ်ကမ်းခြေတစ်နေရာမှာ
ကောင်းကင်ကြီးရဲ့နေဝင်ချိန်ကိုအတူတူ
ထိုင်ကြည့်ချင်တယ်……………
ထီးတစ်ချောင်းအောက်မှာ
နှစ်ယောက်အတူတူလက်တွဲပြီး
ရာသီတွေကိုဖြတ်သန်းသွားချင်တယ်………..
မင်းစိတ်ညစ်နေတဲ့အခါ
ပျော်ရွှင်မှုတွေကိုငါပေးဆပ်ချင်တာ
မင်းအားငယ်နေတဲ့အခါ
ငါမင်းရဲ့လက်ကိုတွဲလို့အားအင်တွေကို ပေးဆပ်မှာပါ
မင်းကျရှုံးသွားတဲ့အခါမင်း ရဲ့အနားကထွက်မသွားပဲ
မင်းရဲ့ရှေ့ကထာဝရရပ်တည်နေမှာ……….
ကြယ်ရောင်စုံတဲ့ညတွေမှာမြက်ခင်းစိမ်းပေါ်ကနေ
ကောင်းကင်ကြီးကိုမော်ကြည့်ပြီး
ကြယ်ကြွေချိန်မှာဘဝဆက်တိုင်း
နီးဆက်နိုင်ဖို့ဆုတောင်းချင်တာ
အဲဒီပျော်ရွှင်တဲ့နေရက်တွေကိုဒီဘဝမှာ
မဖြစ်နိုင်ခဲ့ဘူးဆိုရင် နောင်ဘဝမှာဖြစ်နိုင်ပါစေလို့
ငါဆုတောင်နေမယ်………
အဲဒီနောင်ဘဝကိုမြန်မြန်ရောက်အောင်လို့
အခုချက်ချင်းငါ့ကို
သေဆုံးခွင့်ပြုပါနော်………….

(နတ်ဆိုးလေး)


ဒီကဗျာလေးကိုဖတ်ပြီး ခင်ဗျားဘယ်လိုမြင်လဲ တစ်ကယ်လို့ ကို ချစ်တဲ့ သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးခဲ့ရရင် ဘယ်လိုလုပ်မလဲ ကျွန်တော် က တော့ ကိုယ့်ကို ကိုယ် သတ်သေချင်တယ် အသက်ရှင်လျှက်ခံစားနေရမယ့် အစား သေဆုံးပြီးတော့ ဝိညာဉ်အဖြစ်နဲ့ ချစ်တဲ့သူရဲ့ အနားမှာ အရိပ်လို လိုက်နေချင်တယ် သူ လုပ်သမျှတွေကို သူ့ဘေးက နေထိုင်ကြည့်ချင်တယ် ကျွန်တော်ပြောခဲ့ဘူးသလိုပေါ့ သူ့မျက်ဝန်းတွေ ၊ အပြုံးတွေ………………….အားလုံးအားလုံးကို ကျွန်တော် ထိုင်ကြည့်နေချင်တယ်..ခင်ဗျားလည်း ကျွန်တော်နဲ့ ခံစားချက်ချင်းတူလား


ကျွန်တော်နောက်ထပ် ကဗျာလေး လေးတစ်ပုဒ် ရေးထားတာရှိပါတယ် ။ ပြီးတော့မပြီးးသေးပါဘူး။ ဒါပေမယ့် သူမ ကိုအရင်ဆုံးပေးဖတ်ပြီးမှ့ ခင်ဗျားတို့ ဖတ်ခွင့်ပြုပါ့မယ်။


ခင်ဗျား………. ဒီအထိ ဖတ်လာပေးလို့ ကျေးဇူးတင်ပါတယ် ဗျာ။


သူမက ကျွန်တော့်ကို ရည်းစားရပြီလား မေးယုံနဲ့ ကျွန်တော် တစ်ခုခု ကို ကြိုမြင်ယောင်လာပါတယ်…။


သူမ ဆိုင်သူ(ဒါမှမဟုတ်) ပိုင်သူ ရှိတယ်လို့ကျွန်တော် ကိုယ့်ဘာသာကို တွေးလိုက်မိတာနဲ့ ကျွန်တော့်ရဲ့အသည်းတွေက (ခင်ဗျား ကူညီလို့မရအောင်ကို)


တစ်စစီ လွင့်ထွက် သွားခဲ့ပါတော့တယ်.. သူမနဲ့ စကားပြောရင် ကျွန်တော် နဲနဲရိပ်မိလာပါတယ် သူမ မှာ ဆိုင်သူ(ဒါမှမဟုတ်) ပိုင်သူ ရှိနေပြီဆိုတာကျွန်တော့်စိ တ်က အလိုလိုနေရင်း သိလာခဲ့တယ် တစ်ကယ်ဆို သူမှာ ဆိုင်သူ ရှိမနေဘူးဆိုရင် တစ်ကယ်တမ်းကျွန်တော့် ကိုလက်ခံမယ်ဆိုတာ သိနေပါတယ် ဒါပေမယ့် သူမ ကျွန်တော့် ကို အကြောင်းပြချက်မျိုးစုံနဲ့ ငြင်းနေကတည်းက သူ့မှာပြောပြလို့မရတဲ့ အကြောင်းပြချက်ရှိမယ်ဆိုတာ ကို ကျွန်တော်သိလိုက်ရပါပြီ. ဒါပေမယ့် သူမ ရဲ့ နှလုံးသားတစ်နေရာ မှာ ကျွန်တော် ရှိတယ် ဆိုတာကို ကျွန်တော် အလိုလိုသိနေခဲ့တယ် .. ကဲ ခင်ဗျားရော ဘယ်လိုမြင်လဲ…….. ဒါနဲ့ပဲ ကျွန်တော်ရူးချင်ဟန်ဆောင်လိုက်ပါတော့တယ်..။(တကယ်ရူးသွားတာလည်းဖြစ်ချ� �်ဖြစ်မယ်)…။


သူမမှာ ရည်းစား မရှိသေးပါဘူးလို့ ခဏခဏ တွေးဖြစ်အောင်တွေးတယ်။


သူမနဲ့ chat ဖြစ်တိုင်းလည်း သူ့မှာ ပိုင်ရှင်ရှိနေကြောင်းကို မယုံတဲ့ ဟန်ပြခဲ့မိပါတယ်…။ လိမ်ခဲ့မိတယ်….။


တစ်ခွန်းလောက် လိမ်လိုက် မိတိုင်း ကိုယ့်စာသားကိုယ် ပြန်မမြင်အောင်ခေါင်းကိုငုံ့ တတ်လာပါတယ်။


(မျက်ရည်မကျအောင် ထိန်းတာလည်း ဖြစ်ချင်ဖြစ်မယ်…)


သူမကို လိမ်ရတာထက် သိသိကြီးနဲ့ ကိုယ့်ကိုကိုယ် ပြန်ပြီးလိမ်နေမှန်း .အားပေးနေရမှန်း သိလာတဲ့အခါ……..


ပိုင်ရှင်ရှိတဲ့ သူတစ်ယောက်ကို ချစ်နေမိတဲ့ ကျွန်တော့်ကို ကျွန်တော် မုန်းလာတယ်။


ခင်ဗျားလိုလည်း နောက်တစ်ယောက်ကို ပြောင်းမချစ်နိုင်ဘူး။


(ဒါပေမယ့် ကျွန်တော်လိုချင်တဲ့ typing တွေကို သူရိုက်မှာ မဟုတ်တော့ပါဘူး၊၊)


ကျွန်တော် အကြိုက်ဆုံးစာအုပ်တွေ ထဲကဇာတ်ကောင်တွေက


ကျွန်တော့်ကို ဘာဆက်လုပ်မလဲ မေးနေကြပါပြီ……….။


သူ့မှာ ပိုင်ရှင်ရှိနေပါပြီ။ တစ်စုံတစ်ယောက်ကို ရွေးချယ်သွားခဲ့ပါပြီ။ ကျွန်တော် ကိုယ့်ကိုကိုယ် လိမ်နေရဦးမှာလား။ကျွန်တော်ကြိုက်တဲ့ ဇာတ်ကောင်တွေက ကျွန်တော် မှားကြောင်း တစ်ယောက်နဲ့ တစ်ယောက် ပြောနေကြပါပြီ…….သူ့မှာ ပိုင်ရှင်ရှိနေပြီဆိုတာ ကျွန်တော် လက်ခံလိုက်ပါတော့မယ်။ သူ့ကို ရင်ထဲကပဲ တသက်လုံး ချစ်နေပါတော့မယ်။ ဘယ်လိုလဲ…… ဖတ်ရတာ မောသွားပြီလား….။ ခင်ဗျားအတွက် အပျင်းပြေ ယုံပဲလား။ဒါမှမဟုတ်….. ကျွန်တော်နဲ့ အတူလိုက်ပါ ခံစားနေသလား….။ ဒါဆိုရင် ဘယ်လိုရသတွေများ ခင်ဗျားခံစားနေသလဲ….။ ခင်ဗျား ကျွန်တော့်ကို သနားနေတယ် ဆိုရင်တော့နောက်ကို ပေးဖတ်ခွင့်မပြုနိုင်ဘူး သူ့ကို မကျေနပ်ဘူး ဆိုရင်လည်း နောက်ကို ပေးမဖတ်နိုင်တော့ဘူး…။ရယ်ရ တယ် ထင်ရင်လည်း ခင်ဗျားတစ်ယောက်တည်း ရယ်ပါ……. ကျန်တဲ့သူ တွေကို မရယ်ခိုင်းပါနဲ့တော့……………… ……. ကျွန်တော့် ရင်ထဲက ခံစားချက်တွေကို ကိုထပ်ရေးဖို့ အင်ဗာတာမှာကော ၊ ကျွန်တော့်မှာပါ အင်အား လုံးဝ မရှိတော့ပါဘူး…..။…ဒါပေမယ့် ကျွန်တော့် လက်တွေ ပါးစပ်တွေ မျက်လုံးတွေ အာရုံတွေ ပျက်စီးသွားမယ်ဆိုရင်တောင် ကျွန်တော့် နှလုံးသားပေါ်က သူမနာမည်နဲ့ ရေးထွင်းထားတဲ့ ကဗ္မည်းတစ်ချပ်က ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်...........
...................................။...............................................။..................................................။.................................

0 comments:

ဘယ်နေရာမှာဘယ်အချိန်ရှိပြီလဲ

ဆက်သွယ်ရန်

freedom.of.kaungmyatlay@gmail.com

Listing the MIsic

JUST MUSIC RADIO

Just Music Radio 1.1songrequest@justmusicradio.net

တစ်ခုခုပြောခဲ့ပေါ့







ဧည့်စာရင်း

Followers

ယနေ့ ငွေဈေး

Zawgyi Font Download

Zawgyi Font Download
Don't you see myanmar font ?

သင့်ကိုမျက်ခြေမပြတ် စောင့်ကြည့်နေသည်


Powered by Find IP Address