ကြွရောက်လာသော ဧည့်သည်တော်များ ချမ်းသာကိုယ်စိတ်မြဲပါစေ

ဆောင်းနှင်းဝေတဲ့ မနက်ခင်းလေးတစ်ခုမှာ

သူမရဲ့အကြည့်တစ်ချက်အောက်မှာ

ကျွန်တော့်နှလုံးသားတွေ အရည်ပျော်ခဲ့ရတယ်..

ဟန်ဆောင်မှုတွေကင်းတဲ့

သူမရဲ့အပြုံးလေးတွေကို ခိုးကြည့်ရင်း

ကျွန်တော့်နှလုံးသားတွေ နူးညံ့ခဲ့ရတယ်...

သာယာလှပတဲ့ ညနေခင်းလေးတွေမှာ

သူမရဲ့မျက်နှာလေးကို ခိုးကြည့်ရင်း

ကျွန်တော့်နှလုံးသားတွေ မြန်လာခဲ့ရတယ်..

အချိန်အခါ မဟုတ်ပဲ ရွှာသွန်းခဲ့တဲ့ မိုးရာသီတစ်ခုအောက်မှာ

ကျွန်တော်သူမရဲ့မလှမ်းမကမ်းမှာ

အမြဲတမ်းလိုရှိနေခဲ့တယ်.......

ရှေ့ဆက်ရမယ့်အနာဂတ်ခရီးတစ်ခုမှာ

ကျွန်တော်သူမရဲ့အချစ်ကို မရရှိခဲ့ရင်တောင်

သူမရဲ့သူငယ်ချင်းအဖြစ်နဲ့ သူမရဲ့အနားမှာ

အမြဲထာဝရရှိနေချင်တယ် ..................
(နတ်ဆိုလေး)

ဒီကဗျာလေးက ကျွန်တော် ကောင်မလေးတစ်ယောက်ကိုချစ်မိခဲ့တုန်းက ရေးထားခဲ့တာပါ သူ့ကို ကျွန်တော် ချစ်ခဲ့မိတာကြာပါပြီ ဒါပေမယ့် ကျွန်တော် သူမကို ဖွင့်မပြောဖြစ်ခဲ့ပါဘူး ပြောလိုက်ရင် ကျွန်တော့် ကိုသူအထင်သေးသွားမှာ ကြောက်လို့ပါ (ဖြစ်နိုင်တာကတော့ သူ့ရှေ့ရောက်ရင် ကျွန်တော့် နှုတ်ဖြားက စကားလုံးတွေဆွံ့ အ ကုန်တော့တာပဲလေ.) ကျွန်တော် သူမကို အနောက် က နေအရိပ်လို တကောက်ကောက်လိုက်နေတာ တစ်နှစ်ကျော်တောင်ကြာသွားတယ် ဒါပမယ့် သူ့နာမည်တောင်ကျွန်တော် ခုထက်ထိမသိရသေးပါဘူး.. ကျွန်တော် က တော့ သူ့အချစ်ကိုရဖို့ထက် သူ့ကိုကျွန်တော် အသက်ရှိနေသရွှေ့အမြဲချစ်နေချင်တယ်..
ကျွန်တော်က တော့ အချစ်ဆိုတာကို ရယူချင်းထက် ပေးဆပ်နေချင်တယ်ဗျာ.. ခင်ဗျားရောဘယ်လိုယူဆလဲ...

0 comments:

ဘယ်နေရာမှာဘယ်အချိန်ရှိပြီလဲ

ဆက်သွယ်ရန်

freedom.of.kaungmyatlay@gmail.com

Listing the MIsic

JUST MUSIC RADIO

Just Music Radio 1.1songrequest@justmusicradio.net

တစ်ခုခုပြောခဲ့ပေါ့







ဧည့်စာရင်း

Followers

ယနေ့ ငွေဈေး

Zawgyi Font Download

Zawgyi Font Download
Don't you see myanmar font ?

သင့်ကိုမျက်ခြေမပြတ် စောင့်ကြည့်နေသည်


Powered by Find IP Address