ကြွရောက်လာသော ဧည့်သည်တော်များ ချမ်းသာကိုယ်စိတ်မြဲပါစေ

အခုတစ်လော ရန်ကုန်တိုင်း မြို့သစ်တွေဘက်မှာ ကြံ့ခိုင်ရေး အဖွဲ့အစည်းမှဦးစီး၍ ရေပေးဝေရေးလုပ်ငန်းများ ကွန်က ရစ်လမ်းများခင်းခြင်းလုပ်ငန်းများကို လုပ်ကိုင်နေသည်ကိုကြားသိရပါသည် ။ ထို့အတူ သတင်းပေါင်းမြောက်များစွာကလည်း နားမဆံ့အောင်ကြားနေရပြန်သည် ။ ကြံ့ခိုင်ရေးအသင်းဝင်မှ လမ်းကိုခင်းပေးတာမျိုး ဘာမျိုးပေါ့ အစုံပါပဲ ဟောအခုလည်းကြည့် ကြံ့ခိုင်ရေး အဖွဲ့အစည်းမှဦးစီး ၍ ဒဂုံမြို့သစ်တောင်ပိုင်း ( ၅၄ ) ရပ်ကွက် ရေပေးဝေရေးလုပ်ငန်းအတွက် အထက်မှတစ်အိမ်ကိုဘယ်လောက်နှုန်းဖြင့်ချမှတ်ထားသည်ကိုတော့မသိ သို့ပေမယ့် သူတို့ရဲ့ ဖြတ်စားမှုများ အထက်လူကြီးများသိမှာကြောက်၍ တောင်ဒဂုံကြံ့ခိုင်ရေး အတွင်းရေးမှုး ဒေါ်စုစုလှိုင် နှင့် တောင်ဒဂုံ ( ၅၄ ) ရပ်ကွက် စည်းရုံးရေးမှုး ဒေါ်ကြည်ဌေးတို့မှ ပြည်သူများအား အစည်းအဝေးခေါ်၍ မြို့တော်ဝန်လာသည့်အခါ တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀၀ ( ငါးသောင်း ) သာ ကောက်ပါသည်ဟု ဖြေပေးပါရန် ပြောဆိုထားပါသည် ။ အမှန်တစ်ကယ်ပေးသွင်းရသော ငွေပမာဏမှာ ငွေကျပ် ၆၄၅၀၀ ( ခြောက်သောင်းလေးထောင့်ငါးရာ ) ဖြစ်ပါသည် ။ ကောက်ခံပြီး သောအိမ်ခြေအရေအတွက်မှာ ၁၂၀၀ ကျော်ဖြစ်ပါသည် ။ ထို့အတူ အထက်မှချပေးသော ရေပိုက်များမှာ အဘယ်သို့သောပိုက်များ ဖြစ်သည် မသိ ရပ်ကွက်အတွင်းရောက်ရှိလာသောပိုက်များမှာ တစ်နှစ်ပင် ခံမည့် ပိုက်များ မဟုတ်ပါ ။ အချို့သော ရပ်ကွက်များမှာလည်း ထိုကဲ့သို့ကောက်ခံသောရပ်ကွက်များရှိပါသည် ။ အချို့ ရပ်ကွက်များသည် အလုပ်သမားခ ဟုဆိုတာ ရေသွယ်သော အိမ်ကို ငွေကျပ် ( ၆၀၀၀ ) အပို ကောက်ခံပါသည် ။ ထိုငွေသည် လေဘယ်စာရင်းထဲတွင်မပါ ပါ။ ဒီအတိုင်းပေးရသောစာရင်းပြောက် ငွေကြေးသာဖြစ်ပါသည် ။
2010 တွင် ဒီမိုကရေစီ စနစ်ကြီး သို့ကူးပြောင်းလာသည်နှင့်အညီ ခြစားမှုလာဘ်စားမှုများ ပပျောက်အောင် လုပ်ဆောင်ရန်မှာ အထက်လူကြီးများတွင်သာမက အောက်ခြေဝန်ထမ်းများတွင်ပါ စည်းကမ်း ညီညွှတ်ဖို့အရေးကြီးပါသည် ။ ပြည်သူများမှလည်း လူမိုက်အားပေး မလုပ်ပဲ ရေငုံနှုတ်ပိတ် မနေသင့်ကြောင်း အမှန်ကို အမှန်တိုင်းပြောရဲဖို့လိုအပ်ပါသည် ။ လက်ရှိအတိုင်း ဆက်သွားမည်ဆိုပါက ဒီမိုကရေစီ အမည်ခံ ခြစားသော ဖွတ်တွင်းထဲက ထွက်နိုင်မည်မဟုတ်ပါခြေ ။ ထို့ကြောင့်ပြည်သူများမှလည်း မိမိတို့ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော မတရားမှု အကြောင်းရာများကို အထက်သို့ တိုင်ကြားစာများပို့၍ ပွင့်ပွင့်လင်းလင်း တိုင်ကြားပါရန် အသိပေးအပ်ပါသည် ။

2 comments:

A gink begins cutting his wisdom teeth the first without surcease he bites on holiday more than he can chew.

စည်ပင်ကတော့ဒီအတိုင်းဘဲ နေပြည်တော်မှာလည်း ဒီလိုပါပဲ

ဘယ်နေရာမှာဘယ်အချိန်ရှိပြီလဲ

ဆက်သွယ်ရန်

freedom.of.kaungmyatlay@gmail.com

Listing the MIsic

JUST MUSIC RADIO

Just Music Radio 1.1songrequest@justmusicradio.net

တစ်ခုခုပြောခဲ့ပေါ့







ဧည့်စာရင်း

Followers

ယနေ့ ငွေဈေး

Zawgyi Font Download

Zawgyi Font Download
Don't you see myanmar font ?

သင့်ကိုမျက်ခြေမပြတ် စောင့်ကြည့်နေသည်


Powered by Find IP Address