မျက်မမြင် ဒုက္ခသည်များအတွက် မပြောပလောက်သည့် ရွေးချယ်စရာ
သာမန်အားဖြင့် အသက်မွေးဝမ်းကျောင်းအတတ်ပညာဆိုလို့ ရွေးချယ်စရာနှစ်ခုပဲရှိပါတယ်။ အဲဒါတွေကတော့ ကြိမ်နဲ့ယက်လုပ်ရတဲ့ လက်မှုအတတ်ပညာနှင့် အနှိပ်သည် အတတ်ပညာတို့ပဲဖြစ်ပါတယ်။
အာရှမှာ မြန်မာနိုင်ငံဟာလည်း မျက်မမြင်ဦးရေ အများဆုံးတိုင်းပြည်များအနက် တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သို့သော်လည်း ၄င်းဒုက္ခသည်များအတွက် အစိုးရရဲ့ ကူညီထောက်ပံ့မှုဆိုတာဟာ မရှိသလောက်ပါပဲ လို့ ဆေးဝါးသုတေသနနှင့် အကူညီပေးရေးလုပ်သားများက ပြောဆိုကြပါတယ်။ ယခုလို ကမ္ဘာ့ကျန်းမာရေးနှင့် ပြုစုစောင့်ရှောက်ရေး အဖွဲ့အစည်းရဲ့ မျက်စိဝေဒနာရှင်များနဲ့ပတ်သက်တဲ့ သုတေသနပြုမှုအစီရင်ခံစာပေါ်ထွက်လာချိန်ဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးတဲ့ တောအရပ်ဒေသတွေမှာ မျက်စိနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေ အဖြစ်များတယ် ဆိုတဲ့ ကျန်းမာရေး အကူပေးရေးအဖွဲ့အစည်းများရဲ့ ပြောဆိုချက်တွေချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။
မျက်စိဝေဒနာရှင်တွေ တစ်နေ့တစ်ခြား တိုးပွါးလာရခြင်းဟာလည်း မျက်စိကျန်းမာေ၇းနဲ့ပတ်သက်တဲ့ ပြုစုရောက်မှု ညံဖျင်းမှုနဲ့ အစိုးရရဲ့ ထောက်ပံ့ပေးမှု မရှိခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်လို့ အဆိုပါ ဆေးဝါးသုတေသန နှင့် ကျန်းမာရေး အကူညီပေးရေးလုပ်သားများက ပြောဆိုကြပါတယ်။ သြစတေးလျ က အကူအညီနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လေ့ကျင့်သင်ကြားရေးနဲ့ သုတေသနပြုမှု အစီစဉ်ရဲ့ ပြောဆိုချက်များအရ မြန်မာနိုင်ငံမှာ ပြည်သူ သန်းငါးဆယ်ကျော်အတွက် မျက်စိရောဂါ ခွဲစိတ်ကုသမှု ပညာရှင်ဆိုလို့ ဆရာဝန်ဦးရေ အယောက် နှစ်ရာလောက်ပဲ ရှိတယ်လို့ဆိုပါတယ်။ အဲဒီထဲက အများစုဟာ ရန်ကုန်လို မန္တလေးလို့ မြို့ကြီးတွေမှာ ဖြစ်ပြီးတော့ အဆိုပါမြို့ကြီးများမှအပ အခြားဒေသများမှာတော့ လူဦးရေသန်းတစ်ဝက်မှာ မျက်စိပညာရှင် တစ်ဦးနှုန်းသာ ရှိတယ်လို့သိရပါတယ်။ သြစတေးလျနိုင်ငံရဲ့ မျက်စိကုသရေးအဖွဲ့အစည်းတစ်ခုက မျက်စိအလင်းရရှိရေးအစီစဉ်အတွက် 2008- နှစ်မှစပြီး မြန်မာပြည်မှာ လေးနှစ်စီမံကိန်း အဖြစ်စတင်လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါအဖွဲ့အစည်းကပဲ အခြေခံ အကူအညီကစပြီး ခွဲစိတ်ခန်းသုံးပစ္စည်းကိရိယာတွေကိုလည်း ထောက်ပံ့ကူညီနေပါတယ်။ WHO ရဲ့ 2001 ခုနှစ် ခန့်မှန်းမှုများအရ လူဦးရေရဲ့ သုညဒသမ ကိုးရာခိုင်နှုန်းမှာ မျက်စိရောဂါ ဝေဒနာရှင်များဖြစ်ပြီးတော့ မိမိတို့ အိမ်နီးနားချင်း ဒေသမှာ မျက်မမြင်ဦးရေ ရာခိုင်နှုန်းအမြင့်ဆုံးနိုင်ငံလို့သိရပါတယ်။ အိမ်နီးနားချင်းထိုင်းနိုင်ငံမှာ လူဦးရေရဲ့ သုညဒသမ သုံးရာခိုင်နှုန်း နှင့် အိန္ဒိယမှာ သုညဒသမ ခုနစ်ရာခိုင်နှုန်း ပြန့်နှံ့နေတယ်လို့သိရပါတယ်။ မြန်မာပြည်မှာ အမြင်အာရုံနဲ့ပတ်သက်ပြီးေ၇ာဂါဝေဒနာတွေကို ခံစားနေ၇သူများစုဟာ ဆေးဝါးကုသမှု ဒါမှမဟုတ် ကြိုတင်ကာကွယ်မှုလိုမျိုးတွေကနေတစ်ဆင့် မျက်မမြင်အဖြစ်ကနေ ရှောင်လွှဲနိုင်တယ်လို့လဲသိရပါတယ်။ စစ်အစိုးရရဲ့ ကျန်းမာရေး ပြုစုကုသမှု ညံ့ဖျင်းမှု တောနေလူ အများစုရဲ့ ကျန်းမာေ၇းဗဟုသုတ နည်းပါးမှုတို့ကြောင့်လည်း ယခုလို တစ်နှစ်တစ်ခြား မျက်မမြင်ဝေဒနာသည်တွေ တိုးပွါးလာနေရတာလည်းဖြစ်ပါတယ်။ ရေတိမ် အတွင်းတိမ် ဖြစ်မှုတွေကနေ မျက်စိကွယ်ရသည်ထိ ဦးတည်စေပြီး ကလေးသူငယ်များမှာတော့ ဗီတာမင် အေဓာတ်ခန်းခြောက်မှုဟာ မျက်စိကွယ်ရခြင်းရဲ့ အကြောင်းဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံတွင်း စီးပွါးရေးကြပ်တည်းလာတာနဲအမျှ မျက်မမြင်ဒုက္ခသည်များခဗျာမှာလည်း အခက်ခဲ့များစွာနှင့် ရင်ဆိုင်ကြုံတွေကြရပါတယ်။ စစ်အစိုးရက ဆောက်လုပ်ပေးထားတဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ နေနေရတဲ့ ဦးမျိုးမြင့်ဦး ဆိုတဲ့ မျက်စိဝေဒနာရှင်ကတော့ သူနေနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး အသက်မွေးမြူချင်ကြောင်း ဒါပေမယ်လည်း သူလို မျက်စိဝေဒနာရှင်တစ်ယောက်ကို ဘယ်သူကမှ အလုပ်မပေးလိုကြကြောင်း ပြောပါတယ်။ သူဟာ အသက် ၃၉-နှစ်ရှိနေပြီးဖြစ်ပြီး ကြိမ်နဲ့ယက်လုပ်တဲ့ လက်မှုအတတ်ပညာကို နှစ်ပေါင်းများစွာလေ့လာ ဆည်းပူးခဲ့သူလည်းဖြစ်ပါတယ်။ လူပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက မျက်မမြင်ဒုက္ခိတများကို ထုတ်ပယ်ထားပြီး အထီးကျန်ဖြစ်အောင် လုပ်ထားခြင်ကြတယ် ၊ အဲဒီအပြုအမူတွေကိုလည်း ပြောင်းလွဲသင့်ကြတယ်လို့ အဆိုပါ မျက်မမြင်ကျောင်းရဲ့အကြီးအကဲ မောင်မောင်တာ က ပြောပါတယ်။ မြန်မာပြည်မှာ မသန်စွမ်းသူ မျက်မမြင်ဒုက္ခိတများ အတွက် သီးသန့်ကျောင်းများတည်ထောင်ပြီး ပညာသင်ကြားပေးနေပေမယ်လည်း စိန်ခေါ်မှုတစ်ရပ်တော့ရှိနေပါသေးတယ်။ အဲဒါတွေကတော့ ကျောင်းရဲ့ အသုံးအဆောင် လိုအပ်ချက်တွေကို ပြည်ဝအောင် ဖြည့်ဆည်းမပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ အချို အနည်းငယ်သော မျက်မမြင် များအနေနဲ့ ပညာသင်ကြားခွင့် ရရှိနေကြတယ်ဆိုပေမယ့်လည်း အများစုကတော့ အထက်တန်းပညာကိုတိုင် ဆုံးခန်းတိုင်အောင် သင်ယူနိုင်ကြတာတော့မဟုတ်ကြပါဘူး။ ဘွဲ့ရပြီးသား မျက်မမြင်ဒုက္ခသည်များအနေနဲ့လည်း လုပ်ငန်းခွင်တစ်ခုမှာ အလုပ်ရရှိဖို့ဆိုတာ အခွင့်အရေးမရှိသလောက်ပါပဲ၊ အဲဒီကိစ္စကလည်း မျက်မမြင်များကို ပညာသင်ကြားဖို့ ဆွဲဆောင်ရာမှာ အဓိက အဟန့်အတားဖြစ်စေပါတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါကြောင့်မို့လည်း ဒုက္ခသည်အများစုက ကျောင်းပညာရေးထက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုကို သင်ကြားဖို့ ပိုပြီးစိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အချို့အကူအညီပေးရေးအဖွဲ့စည်းများက မျက်မမြင်ဒုက္ခသည်များကို ကျောင်းပညာရေးထက် အသက်မွေးဝမ်းကျောင်းအတတ်ပညာကို သင်ကြားရေးတို့တွက် ပိုပြီး စိတ်ထက်သန်လာခဲ့ကြပါတယ်။ ဒါပေမယ့် ယခုချိန်မှာ သာမန်အားဖြင့် အသက်မွေးဝမ်းကျောင်းအတတ်ပညာဆိုလို့ ရွေးချယ်စရာနှစ်ခုပဲရှိပါတယ်။ အဲဒါတွေကတော့ ကြိမ်နဲ့ယက်လုပ်ရတဲ့ လက်မှုအတတ်ပညာနှင့် အနှိပ်သည် အတတ်ပညာတို့ပဲဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ မျက်မမြင်ဒုက္ခသည်များအတွက် အခြား အခြားသော အသက်မွေးကျောင်း အတတ်ပညာမျိုးတွေကို ဖန်တီးပေးနိုင်မယ်ဆိုရင်တော့ ကိုယ်ခြေထောက်ပေါ်ကိုယ် လုံးဝ မရပ်တည်နိုင်သည့်တိုင် သူများခြေထောက်ပေါ်မှာ လုံးဝမှီတည်နေ၇တဲ့ အဖြစ်မျိုးမှ အနည်းငယ် သက်သာသွားမှာပဲဖြစ်ပါတယ်။
0 comments:
Post a Comment