ကြွရောက်လာသော ဧည့်သည်တော်များ ချမ်းသာကိုယ်စိတ်မြဲပါစေ

သူငယ်ချင်းတို့ရေ...


တစ်ခါတုန်းက ..............

စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီး
သူ၏လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်သည်...


နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး
ပစ္စည်းများအသီးသီး၌ ဈေးနှုန်းတံဆိပ်ကလေးများကပ်ကာ ရောင်းချဖို့ပြသထားသည်..။ စေတန်နတ်ဆိုး
ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊
ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်..။
သို့သော်..ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူအတွက်လဲ
အန္တရယ်ရှိပုံမရသည့် သပ်ပုံသဏ္ဌာန်ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၄င်းပစ္စည်း၌ ကပ်ထားသော
ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင်ကြီးမားနေသည်..။ ထိုပြင် ထိုပစ္စည်းမှာ များစွာလည်း
သုံးစြွဲပီးဖြစ်ပုံရသည်..။

“ ဒါက ဘာပစ္စည်းလဲဗျ..။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ..။ ”

ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်..။

“ ဟာ...ဒါက စိတ်ဓါတ်ချ ကိရိယာပဲ...။”
“ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ..။ ”

ဈေးဝယ်သူက ထပ်မေးသည်..။

“ ဒီကောင်က အရမ်း အစွမ်းထက်တာဗျ..။ လူတစ်ယောက်ရဲ့ သိစိတ်အာရုံထဲကို
ကျွန်တော် တခြားကိရိယာတွေနဲ့ ဘယ်လိုမှဝင်လို့နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး
ဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်..။ ဒီကောင် အထဲဝင်လို့ရပြီဆိုရင်
ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ရတော့တာပဲ..။ ”

စေတန်နတ်ဆိုးက ရှင်းပြလေသည်..။
မှန်သည်..။ အနုတ်လက္ခဏာဆောင်သော လူ့အပြုအမူများ ၊ လုပ်ရပ်များ၏နောက်ကွယ်
“ စိတ်ဓါတ်ကျဆင်းမှု ” သည်ပုန်းခိုလျက် ရှိနေတတ်သည်..။ မည်သူ့မဆို နေ့စဉ်ဘ၀၌ စိတ်ပျက်
စရာ ၊ စိတ်ဓါတ်ကျစရာ ကိစ္စကြီးငယ်များကို မပြတ် ကြုံတွေ့ကြရမည်ဖြစ်သည်..။ ထိုသို့ နေ့စဉ်ကြုံတွေ့
ရသည့် စိတ်ဓါတ်ကျစရာအကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ်သွားသနည်း ဟူသော အချက်
သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက်ပန်းတိုင်သို့ သင် ရောက်ခြင်းမရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ်ပေးသွားမည် ဖြစ်သည်..။
ထို့ကြောင့် အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ဓါတ်ကျသည် ဆိုပါစို့..။
ငါ အပျက်ဘက်ကို ရောက်နေမိပြီပဲ ဟု သတိရကာ ဒီအတွင်းမှ လမ်းကြောင်းထဲမှ မြန်မြန်ရုန်းထွက်နိုင်အောင် ကြိုးစားပါ..။
လောကကြီးမှာ အနှောင့်အယှက် အခက်အခဲဆိုတာ မလွဲမသွေ တွေ့ရမည့်အရာပဲ ဟု အားပေး
ဆင်ခြင်သောစကားမျိုး မိမိကိုယ့်ကို ပြောပေးပါ..။ သန်းခေါင်ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေးဆင်ခြင်သောစကားမျိုးဖြင့် မိမိကိုယ့်ကို အကောင်းမြင် အပြုတွေးသော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ပေးပါ..။

ဘ၀မှာ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ့် စိတ်ဓါတ်ကျဆင်းနေတဲ့ အချိန်ကာလတွေ ရှိဖူးမှာပါ..။
ကိုယ့်ဖာသာကိုယ် မမြင်နိုင်လောက်အောင် စိတ်ဓါတ်ပျက်ပြားနေတဲ့ အချိန်မှာ ဘ၀အဖော်ဆိုတဲ့ သူတွေက
သင့်အတွက် ကူညီဖေးမပါလိမ့်မယ်..။ ဘ၀အတွက် အဖော်ဆိုတာ ဒီလို ကိုယ်စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ
ဖေးခေါ်မြှင့်တင်ပေးတဲ့ သူ့ကို ပေးအပ်တဲ့ ဘွဲ့ထူး တစ်ခုပါ...။ ။

0 comments:

ဘယ်နေရာမှာဘယ်အချိန်ရှိပြီလဲ

ဆက်သွယ်ရန်

freedom.of.kaungmyatlay@gmail.com

Listing the MIsic

JUST MUSIC RADIO

Just Music Radio 1.1songrequest@justmusicradio.net

တစ်ခုခုပြောခဲ့ပေါ့







ဧည့်စာရင်း

Followers

ယနေ့ ငွေဈေး

Zawgyi Font Download

Zawgyi Font Download
Don't you see myanmar font ?

သင့်ကိုမျက်ခြေမပြတ် စောင့်ကြည့်နေသည်


Powered by Find IP Address