ကိုယ်မရှိတော့တဲ့နောက်........
အမိုးကောင်းကင်အောက်မှာ
တစ်စုံတစ်ယောက်ကိုရှာနေတဲ့ငှက်ကလေး
လွမ်းတေးဖွဲ့သီဆိုနေတဲ့အခါ
ချစ်ရသူရေ..နားစွင့်ပေးပါ
သနားလို့ပဲဖြစ်ဖြစ် ကြားလို့ပဲဖြစ်ဖြစ်
ယုယခြင်းတို့နဲ့အလှမ်းဝေး
အလေးကျပန်းလေးတွေဟာ
မျက်နှာငယ်နေရှာတယ်
ချစ်ရသူရေ.. မနင်းခြွေမိပါစေနဲ့
လမ်းကြုံလို့ပဲဖြစ်ဖြစ် ရနံ့မထုံလို့ပဲဖြစ်ဖြစ်
တစ်ကယ်လို့များ နှင်းမှုံတွေကြား
ခေါ်သံဝိုးတစ်ဝါး ကြားရတဲ့အခါမှာလေ
ချစ်ရသူရေ.. ခွင့်လွှတ်ပြီးချော့မော့ မငြူစူနဲ့တော့နော်
ခါးသီးလွန်းရင်ပဲဖြစ်ဖြစ် နားငြီးလွန်းရင်ပဲဖြစ်ဖြစ်
ခွင့်မပြုရင်လဲ ဝိညာဉ်တစ်ခုဟာ
မင်းအနားမှာ အမြဲလိုက်ပါနေမယ်
ချစ်ရသူရယ်.. အတူရှိပါရစေကွယ်
မိုးသည်းထဲမှာပဲဖြစ်ဖြစ် နေပူကျဲကျဲမှာပဲဖြစ်ဖြစ်...

0 comments:
Post a Comment