ကြွရောက်လာသော ဧည့်သည်တော်များ ချမ်းသာကိုယ်စိတ်မြဲပါစေ

သိပြီးသားတွေ ဖြစ်မှာပါ။ ဒါပေမဲ့ ရေးချင်နေတာနဲ့.....
အင်္ဂလိပ် ပြက္ခဒိန်အရ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ St. Valentine နေ့ဖြစ်တယ်။ ချစ်သူများနေ့လို့လဲ ခေါ်ကြတယ်။

အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာ မရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာ ဘုန်းတော်ကြီးရဲ့ ဆုတောင်းမှုကို နာယူကြတယ်။

ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းက ပြည်သူတွေကို အတင်း သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေက မိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက လူတွေကို မင်္ဂလာ မဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့ လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ လူငယ်အများက ချစ်သူကို နှုတ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။ မိန်းကလေးတွေကလဲ ချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။

Claudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။ အဲဒီအချိန်မှာ ချစ်သူစုံတွဲ တတွဲက ဘုန်းတော်ကြီးကို အကူအညီလာ တောင်းခဲ့တယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုး တိတ်တိတ် လက်ထပ်ပေးလိုက်တယ်။ ဒါကို တယောက်နား တယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။

အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုး အပြတ်ခြိမ်းလေပြီပေါ့။ ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတတွဲကို လက်ဆက်ပေး နေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲ သွင်းထားလိုက်တယ်။ ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။
ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှုတွေ ခံပြီး ကွယ်လွန်သွားခဲ့ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။ အဲဒီနေ့က အေတီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။
(တချို့ဆိုက်ဒ်က အေတီ ၁၆၉တဲ့)။
ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊ ချစ်သူတွေကို ပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လ ဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့ စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့ ဘုရင်ကို တော်လှန်ခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။

ချစ်တတ်သူတိုင်း ချစ်နိုင်ကြပါစေ
ချစ်တယ်လို့ ပြောဖို့ မတွန့်တိုကြပါနဲ့
အခွင့်အရေးဟာ မျက်စိလည်ပြီး ၂ခါ ရောက်မလာနိုင်ဘူး။

ဒါပေမယ့်ဗျာ ဒီနေ့ကိုကျနော်လူ့အခွင့်အရေးကိုမြတ်နိုးတဲ့သူတစ်ယောက် မြတ်နိုးတဲ့သူအနေနဲ့အသိအမှ တ်ပြုနိုင်ပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်အ နေနဲ့ ဒီနေ့ရောက်ရင် စိတ်မကောင်းပိုပိုဖြစ်မိပါတ ယ် ရှက်လဲရှက်မိတယ်
ဘာဖြစ်လို့လဲဆိုတော့ကျနော် တို့နိုင်ငံကလူငယ် တော်တော်များများကValentine Dayဆိုရင် စုံတွဲတွေလုပ်ချင်တိုင်းလု ပ်လို့ရတဲ့နေ့လို့ထင်နေကြတ ယ်လေ။အဲဒီအတွက်သူတို့ပြင်ဆ င်ကြတယ်။
ဘာတွေလုပ်ကြမယ်ဆိုတာသာသူတို့ ပြင်ဆင်ကြတာ၊ဘုန်းတော်ကြီး Valentinevlawလူတွေအတွက် ချစ်သူတွေပေါင်းရဖို့၊သက်ဦးဆံပိုင် စစ်ဘုရင်တွေရဲ့အမိန့်ကိုတောင်ဂရုမစိုက်ပဲ လူတွေရဲ့လုပ်ပိုင်ခွင့်အခွ င့်အရေးတွေကို
အသက်နဲ့ရင်းပြီးပေးစပ်ခဲ့ ရတာကိုဂုဏ်ပြုအောက်မေ့ပြီး တော့ ချစ်တဲ့သူတွေကိုသစ္စာမေတ္တာ ထားပြီးအောက်မေ့ဂုဏ်ပြုပွဲ တွေလုပ်ပေးတာကိုကျနော်တို့ မြန်မာလူငယ်တွေက အဲဒီနေ့ဆိုရည်းစားထားရမယ်
စုံတွဲကိုယ်စီနဲ့လုပ်ချင်တာတွေလုပ်ကြမယ်ဆိုပြီးတွေးကြတော့ ကျနော့်အနေနဲ့စိတ်လဲမကောင်းဘူး ရှက်လဲရှက်မိတယ်။ကျနော်လဲ Valentine ကိုအောက်မေ့ချင်တာပေါ့။
နောက်ပြီး ကျနော်တို့မြန်မာပြည်သားတွေအနေနဲ့ဆိုရင် အဲဒီနေ့ကပိုလို့တောင်အမှတ် ရနိုင်သေးတယ် ဖေဖေါ်ဝါရီ(၁၂)ရက်နေ့က ပြည်ထောင်စုနေ့လေ ၊ဖေဖေါ်ဝါရီ(၁၃)ရက်နေ့က သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) မြန်မာနိုင်ငံရဲ့ သူရဲကောင်းလွတ်လပ်ရေးဖခင် သူ့မွေးနေ့ ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့က Valentine Dayလေ ပိုတောင်မှတ်မိရအုံးမယ်။
ပြည်ထောင်စုနေ့ဆိုတာ (ပင်လုံစာချုပ်ချုပ်တဲ့နေ့)လွတ်လပ်ရေးအကြိုဆွေးနွေးခဲ့တဲ့ နေ့ဆိုလဲမမှားဘူး၊နောက်ပြီး ဗိုလ်ချုပ်မွေးနေ့ဆိုတာကလည်း ကျနော်တို့မူလတန်းကတည်းက ဖေဖေါ်ဝါရီ(၁၃)မှာဗိုလ်ချုပ်မွေးနေ့ပါ
ဆိုတဲ့ကဗျာရွတ်လာတာတောင် လူငယ်တော်တော်များများက(၁၂)ရက်နဲ့ (၁၃)ရက်တွေကို သတိမရတော့ဘူး (၁၄)ရက်အတွက်ပဲလူငယ်တွေပြင်ဆင်ကြတာတွေတွေ့ရတယ်။
ပြီးတော့ Valentine Day ရဲ့အဓိကဖြစ်ပေါ်လာပုံလောက်တော့ လူငယ်တွေအနေနဲ့သိသင့်တယ်လို့ကျနော်ထင်လို့ မိတ်ဆက်ပေးရခြင်းဖြစ်ပါတယ် ။
နောင်နှစ်တွေနောင်နှစ်တွေရောက်တိုင်း ကျနော်တို့(၁၄)ရက်တရက်တည်း မဟုတ်ပဲ (၁၂) (၁၃)ရက်အတွက်လဲပြင်ဆင်အသိအမှတ်ပြုကြစေချင်ပါတယ်။

နိုင်ငံသားလူငယ်တိုင် အမျိုးသားရေးစိတ်ဓာတ်ရှိကြ ပါစေ။
သခင်အောင်ဆန်းလိုစိတ်ဓာတ်ကျင့်ကြံနိုင်ကြပါစေ။

ကျွန်ုပ် ၏ စာသည် သင့်ရင်ထဲသို့ရောက်ရှိ မည်ဆိုလျှင် ကျွန်ုပ် ပင်ပန်းရကျိုးနပ်ပါသည်

0 comments:

ဘယ်နေရာမှာဘယ်အချိန်ရှိပြီလဲ

ဆက်သွယ်ရန်

freedom.of.kaungmyatlay@gmail.com

Listing the MIsic

JUST MUSIC RADIO

Just Music Radio 1.1songrequest@justmusicradio.net

တစ်ခုခုပြောခဲ့ပေါ့







ဧည့်စာရင်း

Followers

ယနေ့ ငွေဈေး

Zawgyi Font Download

Zawgyi Font Download
Don't you see myanmar font ?

သင့်ကိုမျက်ခြေမပြတ် စောင့်ကြည့်နေသည်


Powered by Find IP Address