အနာဂတ်ရှိသွားတဲ့ငါ့မနက်ဖြန်
ကောင်မလေးရေ ငါ့နှလုံးသားတွေ နိုးထခဲ့ပြီ
မင်းနဲ့ဆုံဆည်းခဲ့တဲ့နောက်…
ကောင်မလေးရေ ငါ့ရင်ခုန်သံတွေ မြန်လာခဲ့ပြီ
မင်းနဲ့ အကြည့်ချင်းဆုံတဲ့နောက်…
ကောင်မလေးရေ င့ါနှုတ်ခမ်းတွေ ရယ်မောတတ်ပြီ
မင်းနဲ့ စကားပြောပြီးတဲ့နောက်…
ကောင်မလေးရေ ငါလောကကြီးကို ရင်ဆိုင်ရဲပြီ
မင်းရဲ့လက်ကို ဆုပ်ကိုင်ခဲ့တဲ့နောက်…
ကောင်မလေးရေ ငါအသက်ဆက်ရှင်သေးတယ်
မင်းရဲ့အချစ်ကို ရရှိခဲ့တဲ့နောက်……
နတ်ဆိုးလေး
0 comments:
Post a Comment