ကြွရောက်လာသော ဧည့်သည်တော်များ ချမ်းသာကိုယ်စိတ်မြဲပါစေ

ကီးဘုတ်နှိပ်နေရင် လောကကြီးကိုမေ့နေတတ်တဲ့ငါ… ..

အိမ်မက်တစ်ခုကို မေ့နိုင်အောင်လို့ ကီးဘုတ် မနှိပ်ပဲ နေကြည့်တယ်..

ဒါပေမယ့် နှလုံးသားကတောင်းဆိုနေတယ်..

မိုးလင်းထဲကနေ အိပ်ရာဝင်တဲ့အထိသူ့အကြောင်းကို စဉ်းစားမိတယ်….

သူ့အကြောင်းကိုစဉ်းစားတိုင်း ငါ့ဘယ်ဘက်ရင်အုံက မခံနိုင်အောင် ဖြစ်နေတယ်…

ဘာပဲဖြစ်ဖြစ် ငါ့ဘက်ကိုတော့ နည်းနည်းလောက်လှည့်ကြည့်ပေးပါလား…

မင်းအနားရောက်နေတဲ့ ငါရဲ့အတွေးတွေကို ငါ့ဆီကို ခဏဖြစ်ဖြစ် ပြန်ပို့ပေးပါ..

ငါဒီမှာဘာလုပ်လုပ် စိတ်နဲ့ကိုယ်နဲ့မကပ်လို့ပါ ….

ငါ့ရဲ့ခန္ဒာ မင်းရဲ့စိတ်နဲ့ မိုးလင်းခဲ့ရတဲ့နေ့ရက်တွေများနေပြီ….

ငါမင်းကိုဘယ်လောက်ချစ်လဲ ပြောပြချင်တယ်…

ဒါပေမယ့် အပြင်မှာတွေ့ဖို့က မဖြစ်နိုင်ဘူးလေ …………

ဖြစ်နိုင်ရင် ငါဝိညာဉ် တစ်ခုဖြစ်လိုက်ချင်တယ် …

ဒါမှမင်းအနားမှာ ထာဝရ နေခွင့်ရမှာ…

ငါအော်ပြောလိုက်ချင်တယ် မင်းကိုဘယ်လောက်ချစ်လဲဆိုတာကို..

တစ်ခါတစ်လေ ငါ့နှလုံးသားကိုအန်တုချင်တ ယ် …. သူ့ကိုမေ့နိုင်ဖို့လေ..သူ့ကိုမေ့ခိုင်းတာဟာ ငါ့ကိုသေခိုင်းတာနဲ့ အတူတူပဲ..အိမ်မက်လေး ရယ် ငါ့ဘက်ကိုတစ်ချက်လောက် လှည့်ကြည့်ပါလား..
ငါ့ရဲ့အိမ်မက်တွေထဲကို မင်းတစ်ခေါက်လောက်ပဲ ဝင်ကြည့်လိုက်ပါ..

ငါဘယ်လောက်မျှော်လင့်ထားလဲ ဆိုတာကို မင်းသိမှာပါ…

င့ါခံယူချက်က အချစ်စစ်မှန်ရင်တစ်နေ့နေ့ေ တာ့ တူညီတဲ့တုန့်ပြန်မှုကိုပြန်ရမှာပဲလို့..

ဒါပေမယ့် ငါ့ခံယူချက်တွေ မမှန်တော့မှန်း မင်းကိုတွေ့မှသိရတော့တယ်…

မင်းကို ငါ့အသက်ထက်ပိုချစ်မိခဲ့တော့  အရမ်းမျှော်လင့်ခဲ့တယ်..

နောက်တော့ ငါသိခဲ့တယ် အရမ်းချစ်မိရင် အရမ်းခံစားရမယ်ဆိုတာ ကို..

ဒါပေမယ့်ငါသိရချိန်မှာ အရမ်းနောက်ကျနေပြီလေ….

ငါမင်းကိုချစ်တာ မာယာကင်းတယ် …. ဖြူစင်တယ်..ရိုးသားတယ်..

ငါ့ရဲ့အဖြစ်ဟာ အိမ်မက်တွေဆိုရင်လည်း ငါဘယ်တော့မှ မထတော့ပဲဆက်မက်နေမယ်…............

တစ်ဖက်သက်ဆုတောင်းတွေနဲ့ မက်ခဲ့တဲ့ အိမ်မက်ကို ငါဆက်မက်နေမယ်….............

ရှူး….တိုးတိုး..ကျွန်တော်အိမ်မက်မက်နေပါတယ် ကျေးဇူးပြုပြီးငါ့ကိုလာမနှိုးပါနဲ့…....................

လူတွေကပြောကြတယ် မင်းတော်တော်ရူးတာပဲတဲ့.. ဟုတ်တယ် ကျွန်တော်ရူးနေပြီ…..

ဒါပေမယ့် လွယ်လွယ်ချစ်လွယ်လွယ်ပစ် အပေါ်ယံပဲချစ်တတ်

တဲ့လူတွေထက်စာရင်တော့ ကျွန်တော်စိတ်တွေ အဲလောက်အောက်တန်းမကျဘူး......

ချစ်တယ်ဆိုတဲ့စကားတစ်ခွန်း ကို လေလိုပေါပေါသီသီ သုံးနေတဲ့ဒီခေတ်ကြီးထဲမှာ

အချစ်စစ်နဲ့ မင်းကိုချစ်နေခဲ့တဲ့အတွက် ငါ့ ကိုယ်ငါ ဂုဏ်ယူတယ်….

ငါ့မှာရယူခြင်းဆိုတာမှမရှိ ခဲ့တာ.. ပေးဆပ်ရုံပဲပေါ့.. ပိုင်ဆိုင်ဖို့လည်းမမျှော် မှန်းရဲပါဘူး..

ဖြည့်ဆည်းခွင့်လေးတော့ပေးပါနော်… မင်းပျော်ရင်ငါလည်းပျော်တယ်.. မင်းငိုရင် ငါငိုမယ်..

မင်းစိတ်ညစ်နေရင် ငါပျော်အောင်လုပ်ပေးမယ်.. မင်းအားငယ်နေတဲ့အခါ မင်းလက်ကိုတွဲလို့ အမြဲအားပေးနေမယ်…မင်းကျရှုံးတဲ့အခါ မင်းအနားက တစ်ဖဝါးမှမခွာပဲ နောက်တစ်ကြိမ်အနိုင်ရဖို့

အတူတူကြိုးစားပေးမှာ......... အဲဒီအတွက် မင်းငါ့ကိုဘာမှပြန်ပေးဆပ်စ ရာမလိုပါဘူး… မင်းအနားမှာငါ့ကိုထာဝရနေခွ င့်ပေးပါ…..ဒါလေးတစ်ခုတော့ ခွင့်ပြုပေးပါ တစ်ကယ်လို့မင်းအချစ်ကိုမရခဲ့ရင်တောင်မင်းရဲ့သူငယ်ချင်းအဖြစ်နဲ့ မင်းအနားမှာ အမြဲထာဝရ ရပ်တည်ပေးချင်တယ်…..ငါမင်းကိုပိုင်ဆိုင်ဖို့ထက်ပေးဆပ်ချင်ရုံသက်သက်ပါ..ဒါပေမယ့် ငါ့အဖြစ်တွေက အိမ်မက်တွေဖြစ်သွားမှာ အရမ်းကြောက်တယ်….တစ်ကယ်လို့များ မင်း ငါ့ကြောင့်စိတ်မပျော်ရွှင်ရ ဘူးဆို ငါအဝေးမှာနေပေးပါ့မယ်…မင်း အလိုရှိတဲ့အခါ ငါ့ကိုအချိန်မရွေးပြန်ခေါ်လိုက်ပါ ငါအပြေးရောက်လာမှာ…မင်းနဲ့ ငါနဲ့ကတစ်မြေစီခြားနေပေမယ့် 

ငါ့ရဲ့စိတ်တွေကတော့ မင်းအနားမှာအမြဲရှိနေပါတယ်…. မင်းနဲ့ငါနဲ့ကမတွေ့ဖူးပေမယ့် ငါမင်းကိုအရမ်းမြတ်နိုးပါတ ယ်… မင်းအသံကိုငါမကြားဖူးပေမယ့်  မင်းခေါ်သံတွေကို ငါအိမ်မက်တွေထဲမှာကြားကြား နေပါတယ်..မင်းအချစ်ကို ပြန်မရနိုင်မှန်းသိပေမယ့် ငါပေးဆပ်ချင်နေပါတယ်..

မင်းငါ့ကိုမျှော်လင့်ချက်ေ တွမပေးခဲ့ပေမယ့် ငါတစ်ဖက်သက်အိမ်မက်တွေကို မက်နေခဲ့ပါတယ် .....

ငါတစ်ကယ်လို့များတစ်နေ့နေ့ မှာ မင်းအရှေ့ကို ငါရောက်လာခဲ့ရင် မင်းနှုတ်ဆက်မှာလား လှည့်ထွက်မှာလား ငါတွေးရင် အရမ်းကြောက်မိတယ်

တစ်ကယ်လို့များရောက်ခဲ့ရင် .. ငါ့ကိုမကြိုဆိုရင်တောင် လှည့်ထွက်မသွားပါ ငါရင်တွေကွဲရပါလိမ့်မယ်.. တစ်ချို့က ကျွန်တော့် အဖြစ်ကို သနားကြတယ် မလိုပါဘူး ကျွန်တော့် ကိုသနားတဲ့မျက်လုံးတွေနဲ့ မကြည့်ပါနဲ့ ကျွန်တော့်ဘာသာ တစ်ယောက်ထဲသူ့အကြောင်းစဉ်း စားရင်းနေ နေပါရစေ.. တစ်ခါတစ်လေ မင်းကိုလွမ်းတဲ့အခါ တစ်ယောက်ယောက်ကိုပြောပြချင်တယ်. ဒါပေမယ့် နားထောင်ပေးမယ့်သူက အနားမှာ ရှိမှမရှိခဲ့တာ ဒါကြောင့် ငါကြယ်လေးတွေနဲ့နေတိုင်း စကားပြောဖြစ်တယ် .. မင်းပျော်အောင် ငါလုပ်ပေးချင်တယ်. .......မင်းနဲ့ ငါနဲ့ က ကောင်းကင်ကြီး တစ်ခုအောက်မှာ အတူတူ နေကြတာပဲ တစ်နေ့နေ့မှာ တွေ့ကြမယ်လို့ ငါယုံကြည်တယ်.. ငါမင်းကိုအရမ်းလွမ်းတာပဲ

0 comments:

ဘယ်နေရာမှာဘယ်အချိန်ရှိပြီလဲ

ဆက်သွယ်ရန်

freedom.of.kaungmyatlay@gmail.com

Listing the MIsic

JUST MUSIC RADIO

Just Music Radio 1.1songrequest@justmusicradio.net

တစ်ခုခုပြောခဲ့ပေါ့







ဧည့်စာရင်း

Followers

ယနေ့ ငွေဈေး

Zawgyi Font Download

Zawgyi Font Download
Don't you see myanmar font ?

သင့်ကိုမျက်ခြေမပြတ် စောင့်ကြည့်နေသည်


Powered by Find IP Address